(၇၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားကျင်းပ







ရန်ကုန်၊ ဒီဇင်ဘာ  ၁၀

(၇၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ်(၂၇)ပြည်လမ်းရှိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး (Conference Room) ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်၊ ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ကော်မရှင်ရုံး အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့် က ဖတ်ကြားသည်။

ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့် က (၇၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်နှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် Website အသစ် WWW.mnhrc.org.mm အား စတင် မိတ်ဆက်လွှင့်တင်ပေးသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း Animation ဇာတ်လမ်းကိုပြသသည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးပေါ်လွင်စိန် က ကော်မရှင်၏ ၁၀ နှစ်တာခရီးသမိုင်းကြောင်း စာအုပ်ဖြန့်ချိမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကော်မရှင်၏ (၁၀)နှစ်တာ ခရီးသမိုင်းအကြောင်းစာအုပ်ကို ဖြန့်ချိခြင်းအစီအစဉ်ကို ပြုလုပ်ကြသည်။

ယင်းနောက် (၇၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲတွင် ပထမဆုရရှိသူ ဒေါ်ခိုင်ယဉ်မွန်သန့်၊ ဆောင်းပါးပြိုင်ပွဲတွင် ပထမဆုရရှိသူ ဒေါ်ဝတ်ရည်ဝင်း၊ ဌာနအလိုက်လုပ်ငန်းဆောင်ရွက်ချက်များ အင်္ဂလိပ်ဘာသာဖြင့် ရှင်းလင်း ခြင်းပြိုင်ပွဲ ပထမဆုရရှိသော နိုင်ငံတကာဆက်ဆံရေးဌာနနှင့် ဘာသာပြန်ပြိုင်ပွဲ၊ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲစသည့် ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကော်မရှင်ရုံးဝန်ထမ်းများအား ကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များက ဆုများပေးအပ်ချီးမြှင့်ကြသည်။ အဆိုပါပြိုင်ပွဲများတွင် ကော်မရှင်ရုံးဝန်ထမ်းစုစုပေါင်း ၅၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ကော်မရှင်၏ မူပိုင်တေးသီချင်းဖြစ်သည့် “အားလုံးအတွက် လူ့အခွင့်အရေး” သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့နိုင်ငံများ၌ လူ့အခွင့်အရေးနေ့ အခမ်းအနားများကျင်းပကြသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အခမ်းအနား ကို ၂၀၁၅ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် က ဦးဆောင်၍ နှစ်စဉ်ကျင်းပခဲ့သည်။


သတင်း၊ ဓာတ်ပုံ-ကိုကိုဇော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)