သရက်မြို့၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်မြို့၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ ကြည့်ရှုအားပေး


သရက်၊ ဒီဇင်ဘာ   ၁၁

မကွေးတိုင်းဒေသကြီး သရက်မြို့၌  ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများနှင့် တတိယ အသုတ်(ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ပြည်တော်အေးရပ်ကွက်ရှိ ဆင်ဖြူတော်ဓမ္မာရုံတွင် ဆောင်ရွက်ပေးလျက်ရှိရာ ခရိုင်နှင့်မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များက ယနေ့နံနက် ၁၀ နာရီက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သရက်မြို့နယ်တွင် တတိယအသုတ်အတွက် ဆေးထိုးနှံရန်ကာကွယ်ဆေး (၈၅၄၀)လုံး ရရှိထားပြီး လူဉီးရေ (၃၆၇၀၄) ဉီးကို ဆေးထိုးနှံပေးပြီးဖြစ်သည်။ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ကျန်ရှိနေသည့် ပြည်သူများအား ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဓမ္မာရုံတွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။ အဆိုပါ ဆေးထိုးမှုခံယူနေသူများအား ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်ယဉ်မင်းသူ၊ မြိုနယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ဝင့်ပိုင်သူနှင့်အသင်းဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်း - ဇော်ဝမ်းထွန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)