Pages

Pages

ဘူးသီးတောင်မြို့၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ကိုဂုဏ်ပြု ကြိုဆိုသောအားဖြင့်ကမ်းနားလမ်းဘေး/ဝဲယာ ၌စုပေါင်းသန့်ရှင်းရေးဆောင်ရွက်






ဘူးသီးတောင်၊ ဒီဇင်ဘာ ၂၅

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ကိုဂုဏ်ပြု ကြိုဆိုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများဦးဆောင်၍ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်းကာ ယနေ့ နံနက် ၈ နာရီအချိန်ကကမ်းနားလမ်းဘေး/ဝဲယာတို့၌ မြို့သန့်ရှင်းသာယာလှပစေရေးအတွက်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။

   

ထိုသို့ဆောင်ရွက်ရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ကမ်းနားလမ်း၌သုံးဘီး၊ဆိုင်ကယ်များစနစ်တကျထားရှိနိုင်ရန်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍  ကမ်းနားလမ်းဘေး/ဝဲယာတို့၌အမှိုက်များရှင်းလင်းခြင်း၊ရေစီးရေလာကောင်းမွန်ရေးအတွက်ရေမြောင်းတူးဖေါ်ခြင်း၊အမှိုက်များသိမ်းဆည်းကာ စနစ်တကျစွန့်ပစ်ခဲ့ကြသည်။

       

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာဆိုင်ရာအကြီးအကဲများနှင့်ဌာနဆိုင်ရာဝန်ထမ်းများကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။


သတင်း - လှကျော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment