Pages

Pages

ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၄) ဦးထပ်မံတွေ့ရှိ



ခင်ဦး၊ ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံက ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ (၂၇) ဦးကို ဒီဇင်ဘာလ ၁၅ ရက် နေ့က Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၄) ဦး ထပ်မံ တွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံက သိရသည်။


အဆိုပါ ပိုးတွေ့အတည်ပြုလူနာများမှာ မြနန္ဒာရပ်မှ အမျိုးသမီး (၄) ဦးဖြစ်ကြောင်း ဒီဇင်ဘာလ ၁၄ ရက်နေ့က သံသယရှိသူ (၂၁) ဦး စစ်ဆေးရာ မြနန္ဒာရပ်မှ အမျိုးသား (၁) ဦး စုစုပေါင်း (၅) ဦး ထပ်မံတွေ့ရှိခဲ့ရာ ၎င်းတို့ကို မြို့နယ်ပြည်သူ့ဆေးရုံတွင် ထားရှိပြီး ကုသမှုခံယူနေကြောင်း သိရသည်။


သတင်း - စိုးဝေအောင်(ခင်ဦး)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment