Pages

Pages

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်း ကုသိုလ်ယူ ဆောင်ရွက်မှု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုအားပေး






ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်အတွင်းရှိ တိင်္ဂုတ္တရကုန်းတော်ပေါ်၌  တည်ထားကိုးကွယ်တော်မူသော လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းဆောင်ရွက်နေမှုနှင့်   ရင်ပြင်တော် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ယနေ့ နံနက် ၇ နာရီက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ တိုင်းမှူး ဗိုလ်ချုပ် ညွှန့်ဝင်းဆွေ နှင့် အစိုးရအဖွဲ့ဝန်ကြီးများ က ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးလှစိုး နှင့် တာဝန်ရှိသူများသည်  စေတီတော်မြတ်ကြီး ရင်ပြင်တော်၌  အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာဝန်ထမ်းများ ၊  ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများက   ရင်ပြင်တော် တစ် လျှောက် တံမြက် စည်းလှည်းခြင်း၊ ဆီးမီးပူဇော်  စုပေါင်းသန့်ရှင်းရေး ပြုလုပ်၍  ကုသိုလ်ယူ ဆောင်ရွက် နေမှုကို လိုက်လံကြည့်ရှု့ အားပေးခဲ့ကြပြီး၊  ရင်ပြင်တော် တစ်ပတ် လိုက်လံကြည့်ရှု ကြည်ညိုခဲ့ရာ စေတီတော် မြတ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက်  ထိန်းသိမ်းဆောင်ရွက်နေမှု၊ စေတီတော်ရင်ပြင် သန့်ရှင်းသာ ယာလှပစေ ရေးနှင့် ဘုရားဖူး လာပြည်သူများ အေးအေးချမ်းချမ်း လာရောက်ဖူးမြှော်ကြည် ညိုနိုင်ရေး အတွက် ဆောင်ရွက် နေမှုများအား  ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။ 

လေးဆူးဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးအား  နေ့စဉ် နံနက် ၅ နာရီမှ ည ၆ နာရီအထိ ဖွင့်လှစ်ထားရှိပြီး၊ စနေ၊ တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက်(နေ့ထူးနေ့မြတ်)များတွင် နံနက် ၅ နာရီမှ ည ၇ နာရီအထိ အချိန်တိုးမြှင့် ဖွင့်လှစ်ထားကြောင်း ရွှေတိဂုံစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။


သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment