ကျောက်ဆည်မြို့နယ် ကြောင်ကျေးရွာတွင် သောက်သုံးဖူလုံစွာ ရရှိတော့မည်ဖြစ်သဖြင့် ပြည်သူများ ပျော်ရွှင်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် ကြောင်ကျေးရွာတွင် သောက်သုံးဖူလုံစွာ ရရှိတော့မည်ဖြစ်သဖြင့် ပြည်သူများ ပျော်ရွှင်လျက်ရှိ


ကျောက်ဆည်၊ ဒီဇင်ဘာ   ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်၊ ခြောက်လ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်း သောက်သုံးရေအခက်အခဲရှိသော ကျေးရွာများအား သောက်သုံးရေးဖူလုံစွာရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပြီး ကြောင်ကျေးရွာတွင်လည်း ပြည်သူများသောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး ရေပေးဝေရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးတော့မည်ဖြစ်သဖြင့် ပြည်သူများ ပျော်ရွှင်လျက် ရှိကြောင်း သိရှိရသည်။

 ထိုသို့ဆောင်ရွက်ရာတွင် ခွင့်ပြုရန်ပုံငွေ(၁၇.၆၂၁)ကျပ်သန်းဖြင့် ရေဂါလံ (၅၀၀၀)ဆံ အုတ်ရေကန် တစ်ကန်၊ အလျား(၅)ပေ၊ အနံ(၅)ပေ၊ အမြင့်(၇)ပေ ရှိ ရေစက်ရုံတစ်ရုံ၊ ကျေးရွာတွင်း ရေသွယ်တန်းခြင်း အတွက် အကျယ်(၂)ပေ (VPC) ရေပိုက်(၆၀၀၀)ပေ ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပြီး “ကျွန်တော်တို့ရွာက တောင်ပေါ်ရွာဖြစ်တဲ့အတွက် အဝီစိတွင်းတူးဖို့ကလည်း ရွာအနေနဲ့ မလွယ်ကူးဘူးပေါ့  နှစ်စဉ်သောက်သုံးရေ အခက်အခဲဖြစ်နေတာ အခုကြတော့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက  ရေစက်ရုံတွေ၊ ရေကန်တွေ၊ ရေပိုက်တွေ ဆောင်ရွက်ပေးတော့ တစ်ရွာလုံးကပျော်ရွှင်နေကြကြောင်း” ကြောင်ကျေးရွာမှ ရပ်မိရပ်ဖ ဦးထွန်းမင်းက ပြောပြ၍ သိရှိရသည်။

 အဆိုပါလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း လုပ်ငန်းများပြီးစီးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် ဒေါ်ဌေးဌေးရီ (နည်းပညာ) တို့က ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် လုပ်ငန်းများပြီးစီးသွားပါက ကြောင်ကျေးရွာမှ အိမ်ခြေ(၃၆၉)အိမ်၊ လူဦးရေ(၁၈၀၄)ဦး အတွက်သောက်သုံးရေများဖူလုံမည့်အပြင် အခြား ကျွဲ၊နွား တိရိစ္ဆာန်များ အတွက်လည်း အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - သက်မောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)