လေးမျက်နှာမြို့နယ် သိမ်ကုန်းကျေးရွာတွင် ပထမအကြိမ် မြစိမ်းရောင်ချေးငွေထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာမြို့နယ် သိမ်ကုန်းကျေးရွာတွင် ပထမအကြိမ် မြစိမ်းရောင်ချေးငွေထုတ်ချေး



လေးမျက်နှာ၊ ဒီဇင်ဘာ  ၁၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာ မြို့နယ်  ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိမ်ကုန်းကျေးရွာအုပ်စု သိမ်ကုန်းကျေးရွာ တွင် ယနေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်၌ ပထမအကြိမ် မြစိမ်းရောင် ချေးငွေထုတ်ချေးခြင်းကို သိမ်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများစေရန် စီမံကိန်းများရေးဆွဲပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် စီမံကိန်းချေးငွေများဖြင့် ကျေးလက်နေပြည်သူများ မိသားစု တစ်နိုင်တစ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင် စေရန်ရည်ရွယ်၍ စိုက်ပျိူးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်သူ စုစုပေါင်း (၉၀)ဦးအား အရင်းမပျောက်လည်ပတ် ရန်ပုံငွေကျပ်(၂၉၄)သိန်းကို နေ့ချင်းပြီး ထုတ်ချေး ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြစိမ်းရောင်ချေးငွေထုတ်ချေးခြင်းကို လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်၍ ဝန်ထမ်းများမှ ပြည်သူများအား ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။


သတင်း - ကျော်ဟိန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)