Pages

Pages

ဟင်္သာတမြို့နယ် တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး


ဟင်္သာတ၊ ဒီဇင်ဘာ  ၆

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့  ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော ပြည်သူများအား နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေး အတွက် ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် ဟင်္သာတမြို့နယ်ရုံးမှ ဦးစီးမှူး ဦးစိုးမြင့်အောင် ဦးဆောင်၍ လဝကမှူးဦးမျိုးဝင်းအောင်နှင့် ဝန်ထမ်းများက ဓမ္မီဆင်မသေ ကျေးရွာအုပ်စု ၊ ဆင်မသေကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကျေးရွာများအတွင်း နေထိုင်သောအသက်(၁၀) နှစ်ပြည့်မှ (၁၈)နှစ်ပြည့်နိုင်ငံသားစိစစ်ရေး ကတ်ပြားလဲလှယ်ပေးခြင်း၊ အသက်(၁၆)နှစ်နှင့်(၁၈)နှစ်ကြား၊ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ဆင်မသေကျေးရွာ၊ နဂျီကုန်းကျေးရွာ၊ အောက်စုကျေးရွာ ၊ ဥတိုကျေးရွာများမှ ကျား ( ၈၂) ဦး ၊ မ (၉၄) ဦး စုစုပေါင်း (၁၇၆) ဦးတို့အား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ပြာကတတ်ကျေးရွာ အုပ်စုနှင့် မရိုးသောင် ကျေးရွာအုပ်စု များသို့လည်း အလှည့်ကျ ကွင်းဆင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လဝကဦးစီးမှူး ဦးစိုးမြင့်အောင် ထံမှသိရသည်။

သတင်း - ကိုဇော် 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment