ပြည်နယ်မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်း အဝေးအမှတ်စဉ် (၆/၂၀၂၁) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်နယ်မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်း အဝေးအမှတ်စဉ် (၆/၂၀၂၁) ကျင်းပ


တောင်ကြီး၊ ဒီဇင်ဘာ   ၁၃

ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၁)နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၁ )ကို ဒီဇင်ဘာ (၁၃)ရက်နံနက်(၁၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံ ခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ရှမ်းပြည်နယ်အတွင်း မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအနေဖြင့် ပြဌာန်းထား သည့်ဥပဒေ၊ နည်းဥပဒေများနှင့်အညီလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားလာသောအမှုတွဲများ တွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဥပဒေနှင့်အညီစီမံခန့်ခွဲသောမြေနှင့်လွတ်ကင်းသော ဧရိယာများကိုသာ စိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းမြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစွာ ပေါ်ကြွယ်ဝသည့်အတွက် ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို ခွင့်ပြုပေးနေသည်အတွက် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပါကြောင်း၊ ဒေသနှင့်ကိုက်ညီမည့်ကော်ဖီ၊ လက်ဖက်၊ လိမ္မော်၊ မက္ကဒေးမီးယား စသည့် နှစ်ရှည် ပင်များနှင့်ဆီထွက်သီးနှံများကို လည်းထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှလည်း မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးနိုင်ရန်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အမှန်တစ်ကယ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်သို့ ပေးသွင်းရမည့် မြေခွန်များကိုလည်း ပြည့်ပြည့်ဝဝ ပေးသွင်းကြရန် ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးဆုံးဖြတ်ချက်များကို လယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်း အဝေးအမှတ်စဉ်(၅/၂၀၂၁) ဆုံးဖြတ်ချက်များ၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၁)ဆုံးဖြတ်ချက်များအား ဖတ်ကြားအတည်ပြုပြီး ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၁) တင်ပြချက်များနှင့် ပြည်နယ် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ်(၆/၂၀၂၁)တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်၍ အထွေထွေဆွေးနွေးကြကာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - မောင်မောင်သန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)