Pages

Pages

ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိ





ပုလော၊ ဒီဇင်ဘာ  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်နှင့် ရောဂါ ကွင်းဆက်ပြတ်တောက်နိုင်စေရန် ရည်ရွယ်၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသည့် ပြည်သူများအား ယနေ့ နံနက် ၈ နာရီက ပုလောမြို့နယ် ခန်းမ၌ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးကို ဆက်လက် ကွင်းဆင်း ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးလာရောက်ထိုးနှံသူ ပြည်သူများအား ကျန်းမာ ရေး ဝန်ထမ်း များနှင့် လူမှုကူညီရေးအဖွဲ့များက အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန် တိုင်းပေးခြင်းနှင့် ကာကွယ် ဆေးထိုးပေးခြင်း လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပုလောမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုး ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ကျေးရွာ ရပ်မိရပ်ဖများ၊ လူမှုကူညီရေး အဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ကြက်ခြေနီအဖွဲ့ဝင်များက လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

သတင်း - အေးအေးမော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment