မိုင်းဆတ်မြို့မဈေး၌ ဈေးသူ/ဈေးသားများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု ရှိ/မရှိ ရှောင်တခင် အခမဲ့စစ်ဆေးဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းဆတ်မြို့မဈေး၌ ဈေးသူ/ဈေးသားများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု ရှိ/မရှိ ရှောင်တခင် အခမဲ့စစ်ဆေးဆောင်ရွက်


မိုင်းဆတ်၊ ဒီဇင်ဘာ    ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့မဈေး၌ ဈေးသူ/ဈေးသားများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ ရှောင်တခင် အခမဲ့စစ်ဆေးပေးခြင်းကို ယနေ့ နံနက်(၈)နာရီက  ကျန်းမာရေးဌာန၊ ဝန်ထမ်း များက RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းသက်သာစေရန် များများရှာ၊ တိတိကျကျ ခွဲထား၊ သေသေချာချာ ကုသနိုင်ရေးအတွက် မြို့မဈေးအတွင်း ဈေးရောင်းချလျက်ရှိသည့် ဈေးသည်များနှင့် ဈေးဝယ်လာသူများအား ကျန်းမာရေးဝန်ထမ်းများက ဈေးသူ၊ ဈေးသားများအား  RDT Test Kit ဖြင့် ရှောင်တခင် အခမဲ့စစ်ဆေးပေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးဌာန၊ ဝန်ထမ်းများက ဈေးသည်များနှင့် ဈေးဝယ်လာသူများ လိုက်နာရမည့်အချက်များပါရှိသည့် လက်ကမ်းစာစောင်(၅၀၀)ကို အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးဆောင်ရွက်နေမှုအား နယ်မြေခံတပ်နယ်မှ ခေတ္တတပ်နယ်မှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဇော်လင်းအောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးအောင်သူနှင့် တာဝန်ရှိသူတို့က လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

သတင်း - မြင့်မောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)