ပြင်ဦးလွင်မြို့နယ်အတွင်း သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့နယ်အတွင်း သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး



နေပြည်တော်၊ ဒီဇင်ဘာ ၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲ ပိုင်းက ပြင်ဦးလွင်မြို့နယ်အတွင်း သမဝါယမလုပ်ငန်းများ ပိုမိုအောင်မြင် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ သမဝါယမဦးစီးဌာနရုံး၌ ဦးစီးဌာန များမှ တိုင်းဒေသကြီးတာဝန်ခံများ၊ မြို့နယ်သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူ များနှင့်တွေ့ဆုံပြီး မိမိတို့နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများ၏ စားဝတ်နေ ရေးအဆင်ပြေစေရေး အတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန်၊ အရင်းအနှီးများရရှိရန်နှင့် ကျေးလက်အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရန်စသည့် လုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ တရုတ်နိုင်ငံမှ ချေးယူထားသော EXIM Bank ချေးငွေကိစ္စကို စိစစ်ဖြေရှင်းပြီး ချေးငွေလက် ကျန်များ ပြန်လည်ရရှိရန် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။

တံတားဦး၊ စဉ့်ကိုင်၊ ကျောက်ဆည်နှင့် မတ္တရာ မြို့နယ်တို့တွင် ဆိတ်၊ နွား စသည့်မွေး မြူရေးလုပ်ငန်းများ ဆောင်ရွက်လိုသူများကို ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူ လူထုထံ ချေးငွေများ ကူညီထောက်ပံရာတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် "အရှုံးမရှိ၊ အမြတ် မယူ" စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘိုးနေဒွန်းကျေးရွာသို့ ရောက်ရှိ၍ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရေသရောက်ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သော အလျား ပေ ၉၆၀ ၊ အနံ ၁၂ ပေနှင့် အမြင့် ၉ လက်မရှိ ကတ္တရာလမ်းဖောက်လုပ်ခြင်း လုပ်ငန်းခွင်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကတ္တရာလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းအတွက် အလှူငွေ ကျပ်သိန်း ၅၀ လှူဒါန်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)