မုဒုံမြို့၌ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာများသို့ နွေစပါးမျိုးစေ့တင်း (၃၀၀) ထောက်ပံ့ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့၌ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာများသို့ နွေစပါးမျိုးစေ့တင်း (၃၀၀) ထောက်ပံ့ ပေးအပ်


မုဒုံ၊ ဒီဇင်ဘာ  ၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ၏  လယ်ဧကများအတွက် နွေစပါးမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ   အခမ်းအနားကို   ယနေ့ နံနက် ၁၀  နာရီက  ဘဲရမ်းကျေးရွာရှိ   စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ခဲ့ကြပြီး မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးငြိမ်းချမ်ကျော် က ဘက်စုံအဆင့်မြင့် နည်းပညာသုံး၍ အထွက်နှုန်းမြင့်မား    အရည်အသွေး ကောင်းမွန်သော မျိုးကောင်း၊ မျိုးသန့်မျိုးစေ့များ ကျယ်ကျယ်ပြန့်ပြန့်   တိုးတက်စိုက်ပျိုးလာစေရန်၊ သမရိုးကျနည်း ပညာများကို ပြောင်းလဲကျင့်သုံးပြီး  ရေရှည် တည်တံ့သော  စိုက်ပျိုးရေး နည်းပညာများဖြင့် လယ်ယာထွက်ကုန်သီးနှံများ ဈေးကွက် ရရှိစေရန်နှင့်    စီးပွားရေးတွက်ခြေကိုက်ပြီး      ကောင်းမွန်သော ပတ်ဝန်းကျင် တစ်ခုကို    တောင်သူများ ထူထောင်နိုင်ရန်၊   မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့်  ဘက်စုံ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးကို   သီးနှံသက်တမ်းအလိုက် ပြုစုစောင့်ရှောက်ခြင်းဖြင့် တောင်သူများ ထိခိုက်ဆုံးရှုံးမှုနည်းပြီး   အကျိုးအမြတ် ပိုမိုရရှိ၍ ဝင်ငွေတိုးလာစေရန်၊ ရိတ်သိမ်းခြွေလှေ့ရာတွင် ရိတ်သိမ်းချိန်လွန် နည်းပညာများ နှင့်အညီ   ဆောင်ရွက်ခြင်းဖြင့်   စပါးလေလွင့်ဆုံးရှုံးမှုကို  သက်သာစေရန်အတွက်   တောင်သူများကို   စိုက်ပျိုးရေးဦးစီးမှ   ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထိုသို့ နွေစပါးမျိုးစေ့ ထောက်ပံ့ပေးအပ်ရာတွင်  ဘက်စုံနည်းပညာသုံးစံပြကျေးရွာ ဖြစ်သည့် ဘဲရမ်း ကျေးရွာ၊   ကွမ်တာကျေးရွာများမှ  တောင်သူ(၅၇)ဦး၏     လယ်ဧက(၃၀၀)   ဧကအတွက် တစ်ဧကလျှင် (၁)တင်းနှုန်း  စုစုပေါင်း တင်းပေါင်း(၃၀၀)ကို   တာဝန်ရှိသူများတို့မှ တောင်သူများထံ လက်ဝယ်အရောက် အသီးသီး ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

သတင်း - အောင်မျိုးသူ(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)