ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာများအရောက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာများအရောက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ


ကျိုင်းတုံ၊  ဒီဇင်ဘာ  ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  Sinopharm (ပထမအကြိမ်)နှင့် ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့က  မြို့ပေါ်(၅)ရပ်ကွက်ရှိ ပြည်သူများအား အမှတ်(၃)ရပ်ကွက် ပါလျန်ဘုန်းတော်ကြီးကျောင်းနှင့် တာလု/တာလေ ကျေးရွာအုပ်စုရှိ ပြည်သူများအား တာလုံးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆေးထိုးစုရပ် နေရာတို့တွင် တာဝန်ရှိသူများက သွားရောက် ထိုးနှံဆောင်ရွက်ပေးခဲ့သည်။    

ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ  အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် မထိုးနှံရသေးသူ ဒေသခံပြည်သူ ၁၀၄၀ ဦး နှင့် ဒုတိယ အကြိမ်ထိုးနှံရန် သတ်မှတ်ရက်ပြည့်သူ များ ၁၀၅၅ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)စနစ်တထိုးနှံဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ကျိုင်းတုံမြို့နယ်တွင် ဒီဇင်ဘာ ၁၃ ရက်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covishield၊ Sinopharm၊ Sinovac နှစ်ကြိမ် ထိုးနှံပြီးသူ ၄၉၉၄၇ ဦး၊ အသက် ၁၂ အထက် ကျောင်းသား၊ ကျောင်းသူ ၂၈၀၃ ဦး အား ထိုးနှံပေးခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အဓိကကျသည့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မားလာစေရန် ကျန်ရှိသူများ ဆက်လက် ထိုးနှံ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - အောင်ဇင်မြင့်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)