ပလောက်၊ ဒီဇင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ပလောက်မြို့၊ ပြည်ခြားကျေးရွာ၌ မီးဘေး သင့် နေအိမ်တစ်လုံးအတွက်ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ ညနေ(၃) နာရီခွဲက ပုလောမြို့နယ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးဝင်းသိန်းနှင့်အဖွဲ့ တို့က ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ပုလောမြို့နယ်၊ပလောက်မြို့၊ပြည်ခြားကျေးရွာ၌ ဒီဇင်ဘာလလ (၇) ရက်နေ့က မီးလောင်မှုဖြစ်ပွား၍ ပျက်စီးသွားသောကြောင့် Family Kit (၁)စုံ၊ Hygiene Kit (၁)စုံ၊ Diginity Kit (၁)စုံ၊ Clean Delivery (၁)စုံနှင့် သောက်ရေပုံး(၁)ပုံးတို့အား ထောက်ပံ့ ပေးအပ်ခဲ့ရာနေအိမ်ပိုင်ရှင်မှလက်ခံရယူခဲ့ ကြောင်း သိရသည်။
သတင်း - နှင်းမြူလွင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment