ပခုက္ကူမြို့နယ်တွင် “ပန်းခင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ခုနစ်ထောင်ကျော်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ငါးရာကျော်ဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့နယ်တွင် “ပန်းခင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ခုနစ်ထောင်ကျော်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ငါးရာကျော်ဆောင်ရွက်ပြီးစီး


ပခုက္ကူ၊ ဒီဇင်ဘာ   ၄

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ်ဦးစီးမှူးရုံးက “ပန်းခင်း” စီမံချက်ဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား ခုနစ်ထောင်ကျော်နှင့် အိမ်ထောင်စု လူဦးရေစာရင်းငါးရာကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်းသိန်း၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်း ဦးဆောင်၍ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူများ၏အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် “ပန်းခင်း”စီမံချက်ဖြင့် ၂၀၂၁ခုနှစ်၊ မေလ ၃ရက်နေ့မှ စတင်ကာ စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာလ ၂ ရက်နေ့အထိ အသက်၁၆နှစ်နှင့်၁၈နှစ်အကြား နိုင်ငံသား စိစစ်ရေးကတ်ပြား ၄၁၀ ကတ်၊ အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ၅၃၈၅ ကတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (လဲလှယ်) ၉၁၉ ကတ်၊ ပျောက်ဆုံး၊ ပျက်စီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)  ၉၄၇ ကတ်၊ တရားဝင်အိမ်ထောင်စုလူဦးရေစာရင်း ၄၅၉ ခု၊ တရားဝင်ရွှေ့ပြောင်း နေထိုင်ခွင့်ရ (Mတံဆိပ်ပါ) အိမ်ထောင်စုလူဦးရေစာရင်း ၆၉ခု၊ စုစုပေါင်းနိုင်ငံသားစိစစ်ရေးကတ်ပြား ၇၆၆၁ ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ၅၂၈ ခုတို့ကို စိစစ်ဆောင်ရွက်ပြီးစီးကြောင်း၊ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ လက်ဝယ်အရောက် ပေးအပ်ပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသေး သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကိုလည်း ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကုန်အထိ အပြီးသတ် ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းက ပြောသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်အမျိုးမျိုးထုတ်ပေးရေး “ပန်းခင်း” စီမံချက်လုပ်ငန်းမှာ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများ၊ မည်သည့်ကတ်အ မျိုးအစားမျှ ကိုင်ဆောင်ထားခြင်းမရှိသူများ၊ အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ရန် ကျန်ရှိသူများ၊ ၂၀၂၁ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှ၂၀၂၂ခုနှစ်၊ဧပြီလ ၁ရက်နေ့အတွင်း တိုး လာမည့် အသက်(၁၈)နှစ်နှင့်အထက်ရှိသူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သော ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်ခွင့်ရရှိနိုင်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဆလိုင်းကိုကီး

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)