Pages

Pages

တောင်ကလေး၊ မြဝတီ တိုးချဲ့မြေနေရာများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ





ဘားအံ၊ ဒီဇင်ဘာ ၁၁

ယခင်အစိုးရလက်ထက်က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော တိုးချဲ့မြေနေရာများနှင့် ပတ်သက်၍ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ် လယ်ယာမြေစီမံ ခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးမင်းမင်းက ဘားအံမြို့၊ စံဖရီး ကျေးရွာအုပ်စုရှိ တောင်ကလေးကျေးရွာ တိုးချဲ့မြေနေရာ၊ မြဝတီမြို့နယ်မဲကနယ် ကျေးရွာတိုးချဲ့မြေနေရာနှင့် မြဝတီမြို့ အမှတ်(၆)၊ အမှတ်(၇) တိုးချဲ့မြေနေရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီး ဌာနမှူးများက မြေပြင်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြကြကာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တက်ရောက်လာ သူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီဖြစ်စေရေး ဖြစ်စေရေး မြန်မြန်ဆန်ဆန်ဆောင်ရွက်ပေးကြရန် နိဂုံးချုပ်အမှာစကား ပြောကြားသည်။


သတင်း - စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment