ဘူးသီးတောင်မြို့၌(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားစည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၌(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားစည်ကားသိုက်မြိုက်စွာကျင်းပ








ဘူးသီးတောင်၊ ဒီဇင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌(၄၇)နှစ် မြောက်၊ ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က ဘူးသီးတောင်မြို့ဦးဥတ္တမခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံ ပြည်သူများတက်ရောက်ကြသည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အခမ်းအနားတက်ရောက်လာသူများက နိုင်ငံ တော်အလံအားအလေးပြုကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သည့်၂၀၂၁ခုနှစ်၊ (၄၇) နှစ်မြောက် ရခိုင်ပြည်နယ်နေ့သဝဏ်လွှာအား ဘူးသီးတောင်မြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျန်အေးကဖတ်ကြား သည်။

ထို့နောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီ စာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအဖြစ် ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ဘော်လီ ဘော၊ ခေါင်းအုန်းရိုက်၊ ချောတိုင်၊ လွန်ဆွဲ၊ကင်းမြီး ကောက်၊ မုန့်ကိုက်၊ ပူစီပေါင်းဖောက်၊ မီတာ (၁၀၀)၊ ဂုန်နီအိတ်စွပ်၊ အပ်ခြေထိုး၊ ကွမ်းသီးကောက်၊ ခြေပူး၊ ရေအိုးခေါင်းရွက် စသည့်ပြိုင်ပွဲများ ပါဝင်သည့် ပြိုင်ပွဲ(၁၅) မျိုးကို ဘူးသီးတောင်မြို့ မြို့မအားကစားကွင်းတွင် ကျင့်ပလျှက်ရှိပြီး ညနေ ပိုင်းတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

သတင်း - လှကျော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)