Pages

Pages

သင်္ဃန်းကျွန်းမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၃ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ



နေပြည်တော်၊ ဒီဇင်ဘာ   ၂၅

သင်္ဃန်းကျွန်းမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက်၊ သုမင်္ဂလာလမ်းတွင် မင်းလှစိုး(ခ)အဖွာရ်အဒ် မောင်းနှင်ပြီး လှချို(ခ)အဒူရာမန်နှင့် ဝေဇင်(ခ) သော်ဇင်လတ် (ခ)အာလာ ဖတ်တို့ လိုက်ပါလာသည့် Vigo မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂ သိန်း တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက် အရ ညနေ ၃ နာရီ မိနစ် ၃၀ တွင် ၎င်းတို့ ငှားရမ်းနေထိုင်သည့် သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ကျန်စစ်သားလမ်း၊ အိမ်အမှတ် (၁၇၀)ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလ တန်ဖိုး ငွေကျပ် ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၃ သိန်း သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိသူ ၃ ဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment