သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင် ကာကွယ် တားဆီး ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင် ကာကွယ် တားဆီး ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိ

 




သာစည်၊ ဒီဇင်ဘာ   ၁၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့ပွားမှုမရှိစေရေး၊ ကြိုတင်ကာကွယ်တားဆီးထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကာကွယ်ဆေးထိုးနှံပေးနေမှုများနှင့် ကျန်းမာရေး စစ်ဆေးဂိတ် ဖွင့်လှစ်ထားရှိသည့်နေရာများသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း မြို့နယ်ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာသို့ သာစည်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များက လှိုင်းတက် ကျေးလက်ကျန်းမာရေးဌာန ဆေးထိုးစုရပ်တွင် ကျန်းမာရေးဝန်ထမ်းများက အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများအား ဒုတိယအကြိမ်အဖြစ် Sinopharm ကာကွယ်ဆေးထိုးနှံပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ မိတ္ထီလာ-တောင်ကြီးသွား ကားလမ်းဘေး ကျွဲတပ်ဆုံကျေးရွာအနီးတွင် ဖွင့်လှစ်ထား ရှိသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်အား ဖြတ်သန်းသွားလာသော ခရီးသည်ယာဉ်များမှ ယာဉ်မောင်းနှင့်ခရီးသွားများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ ခရီးသွားပြည်သူများ၏ အမည်၊ နေရပ်လိပ်စာ၊ ခရီးသွားရာဇဝင်နှင့် တယ်လီဖုန်းနံပါတ်များအား မှတ်တမ်းရေးသွင်းခြင်း၊ ခရီးသွားပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း (mask) စနစ်တကျ တပ်ဆင်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ နေထိုင်ရေးတို့အား ပညာပေး၊ ကြပ်မတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများကို ဇူလိုင်လ ၃၁ ရက်မှစတင်၍ ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေး လွှမ်းခြုံမှုအနေဖြင့် ယမန်နေ့အထိ Sinopharm အမျိုး အစား ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးသူ  ၅၅၉၁၄ ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ  ၃၈၇၂၀ ဦး၊  Sinovac အမျိုးအစား ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးသူ ၁၇၄၇၀ ဦး၊ ဒုတိယ အကြိမ် ထိုးနှံပြီးစီးသူ ၁၄၇၇၇ ဦး၊ စုစုပေါင်း ၁၂၆၈၈၁ ဦးတို့အား ထိုးနှံ‌‌ပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)