စဉ့်ကိုင်မြို့နယ်တွင်အသက်(၁၈)နှစ်အထက်ပြည်သူများအားကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးစတုတ္ထအသုတ်(ပထမ)အကြိမ် (၃၈၅၅)ဦး ထိုးနှံပေးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ်တွင်အသက်(၁၈)နှစ်အထက်ပြည်သူများအားကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးစတုတ္ထအသုတ်(ပထမ)အကြိမ် (၃၈၅၅)ဦး ထိုးနှံပေးပြီးဖြစ်





စဉ့်ကိုင်၊ ဒီဇင်ဘာ   ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာများမှအသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးစတုတ္ထအသုတ်(ပထမ)  အကြိမ်ကာကွယ်ဆေး   ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ(၃၈၅၅)ဦးထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့   ကာကွယ်ဆေးများ  ထိုးနှံပေးရာတွင်   မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌     ဒုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး   ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ) ပလိပ်တိုက်နယ်ဆေးရုံ တွင်ဒေါက်တာသက်ကိုကိုလွင်(ရောဂါနှိမ်နှင်းရေး) ကျောက်ဆည်တက္ကသိုလ်တွင် ဦးစောအေး (ကျန်းမာရေးမှူး)တို့က ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ပထမအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်းကိုဗစ်-၁၉ကူးစက်ရောဂါကူးစက်  ပြန့်ပွားမှုမဖြစ်စေရေး၊  ကြိုတင်ကာကွယ်တားဆီးနိုင်စေရန်နှင့် ရောဂါကူးစက်မှုလျော့နည်း  စေရေးအတွက်သက်ဆိုင်ရာမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့မှကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး များ၊  ပရဟိတအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီးပြည်သူများ သိရှိလိုက်နာစေရန်၊ အသံချဲ့စက်များ၊ HandSpaker များဖြင့် လှည့်လည်ပြီးအသိပညာပေးနှိုးဆော်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်း  ပိုးသတ်ဆေးများဖြန်းပေးခြင်း၊ ဒေသန္တရစည်းကမ်းချက်များ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသော  ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ/မရှိ   စစ်ဆေးခြင်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထံက သိရသည်။

သတင်း - ညိုညိုဝင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)