Pages

Pages

ပုလောမြို့နယ် ၌ ကိုဗစ် ကာကွယ် ဆေး မထိုးနှံရသေးသူများအားကိုဗစ်ဆေး ဆက်လက် ထိုးနှံပေး




ပုလော၊ ဒီဇင်ဘာ  ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌  ကိုဗစ်ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် ဒေသခံပြည်သူများကို ယနေ့  နံနက် ၉ နာရီက ပုလောမြို့နယ်ခန်းမ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးလာရောက်ထိုးနှံသူ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများကို မြို့နယ် ကျန်းမာရေး ဝန်ထမ်းများက အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းတို့ကို ပြုလုပ် ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေး အခြေအနေအပေါ်မူတည်၍ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်း၌ မြို့နယ် ကျန်းမာရေး ဝန်ထမ်းများက ပုလောမြို့နယ် ရှမ်းဒွတ် ကျေးရွာတွင် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသူများကို ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး များ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သတင်း - အေးအေးမော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment