ငါန်းဇွန်မြို့နယ်၌ အသက်(၂)လမှ (၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါန်းဇွန်မြို့နယ်၌ အသက်(၂)လမှ (၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းဆောင်ရွက်


ငါန်းဇွန်၊ ဒီဇင်ဘာ  ၃

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေး စောင့်ရှောက်ရေးဌာန၌ ယမန်နေ့နံနက် ၉ နာရီမှစ၍ မြို့ပေါ်ရပ်ကွက်အသီးသီးမှ အသက်(၂)လမှ (၂)နှစ် အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်း ဆောင်ရွက်ပေး လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမများက  မြို့ပေါ်ရပ်ကွက် အသီးသီးမှ အသက်(၂)လမှ (၂)နှစ်အောက်ကလေးငယ်များအား ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်-ဂျိုက်သိုး(MR)၊ ပိုလီယိုကာကွယ်ဆေး အစက်ချတိုက်ဆေး(OPV)ကာကွယ်ဆေးများကို တိုက်ကျွေး၊ ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

သတင်း  - သက်နောင်ဦး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)