အလုံမြို့နယ်၌ ကိုဗစ်-၁၉ ကာလနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးသော ပရဟိတအသင်းများအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုံမြို့နယ်၌ ကိုဗစ်-၁၉ ကာလနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးသော ပရဟိတအသင်းများအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်

 


အလုံ၊ ဒီဇင်ဘာ   ၂၅

ကိုဗစ်.-၁၉ကာလနှင့် ကိုဗစ်.-၁၉ကာကွယ်ဆေး ထိုးလုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးသော ပရဟိတအသင်းအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှမ်များ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့၊ မွန်းလွဲ(၂း၀၀) နာရီအချိန်က အလုံမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်ဇော် နိုင်တို့က ကိုဗစ်.-၁၉ ကာလနှင့်ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်များတွင် မွန်မြတ်သော စိတ်စေတနာဖြင့် ကူညီဆောင်ရွက်ပေးသော ပရဟိတအသင်းများအား  ကျေးဇူးတင်ဂုဏ်ပြု စကားများ ပြောကြားခဲ့သည်။

ဆက်လက်၍   ကိုဗစ်-၁၉ ကာလနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်များတွင် ကူညီဆောင် ရွက်ပေးသော ပရဟိတအသင်း (၄)သင်း၊   အရန်မီးသတ်တပ်ဖွဲ့  ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမူ ဝန်ထမ်းဦ:စီးဌာနတို့အား ဂုဏ်ပြုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ ပရဟိတအသင်းအဖွဲ့များအား အဖွဲ့ဝင်စီစစ်ရေးကဒ်၊ မော်တော်ယာဉ်စီစစ်ရေးကဒ်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။             

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်ဇော်နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ၊ပရဟိတအသင်းအဖွဲ့များ ၊အရန် မီးသတ်တပ်ဖွဲ့ဝင်များ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)