Pages

Pages

ဝီရသူရိယဘွဲ့ ချီးမြှင့်တော်မူခြင်း




နတ်တော်လဆန်း ၁၀ရက် (13.12.2021)ရက်နေ့၊ မနက် ရး၀၀နာရီ၊ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဝါခင်းကုန်းဗြဟ္မစိုရ်ကျောင်းတိုက် ဝါခင်းကုန်းဆရာတော်ကြီးအား ဖူးမြော်ခဲ့ပါတယ်။

ဆရာတော်ကြီးက သတိလည်းကောင်း၊ ကျန်းမာရေးလည်း ကောင်းပါတယ်။ မတွေ့ရတာကြာလို့ တွေ့ချင်နေရှာတာပါ။ အခုတွေ့ရလို့ ဝမ်းသာနေပါတယ်။

မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်ဆက်လုပ်ဖို့နှင့် လိုအပ်ရင်လိုအပ်သလို အကူအညီတောင်းနိုင်ကြောင်း ကူညီဖို့အဆင်သင့်ရှိကြောင်း မိန့်တော်မူပါတယ်။

“ကျန်းကျန်းမာမာတွေ့ရလို့ ဝမ်းသာတယ်၊ စာချနေတယ်ကြားလို့ ဝမ်းသာတယ်”ဟု မကြာခဏမိန့်ပါတယ်။

ရောက်တုန်းရောက်ခိုက် ဆရာတော်ကြီးအား သံယုတ်ပါဠိတော် ဗောဇ္ဈင်္ဂသံယုတ် ပဌမဂိလာနသုတ်၊ ဒုတိယဂိလာနသုတ်၊ တတိယဂိလာနသုတ်များ ရွတ်ဖတ်ပူဇော်ကာ ကျန်းမာရေးကောင်းစေဖို့ သစ္စာဆို ဆုတောင်းပေးခဲ့ပါတယ်။

ဆရာတော်ကြီး၏လက်ရုံး ဆရာတော်ဦးနေမိန်အားလည်း ဖူးမြော်ပူဇော်ခဲ့ပါတယ်။

ဆရာတော်ကြီးက စာရေးသူ ကားပေါ်တက်သည့်အထိ လိုက်ပို့ပြီး မိန့်တော်မူပါတယ်။

“ဒီနေ့ကစပြီး ဘဒ္ဒန္တဝီရသူရိယ အမည်တွင်စေ…” ဟူသတည်း…။

အောင်ဆန်းသူရိယမဟုတ်ပါ။

ဝီရသူရိယသာ ဖြစ်ပါတယ်။

ဝါခင်းကုန်းဆရာတော်ကြီး ချီးမြှင့်တဲ့ ဘွဲ့ပါ။

အမြတ်တနိုးနဲ့ ရင်ဘတ်ထဲ သိမ်းဆည်းထားပါ့မယ် ဆရာတော်ကြီးဘုရား။


ဝီရသူ(မစိုးရိမ်)

သုံးထောင်ပြန်ဆရာတော်

၁၃.၁၂.၂၀၂၁


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment