Pages

Pages

မေတ္တာမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ပထမ/ဒုတိယအကြိမ်)အဖြစ်ဆက်လက်ထိုးနှံပေးလျက်ရှိ






မေတ္တာ၊ ဒီဇင်ဘာ ၁၁ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့အတွင်းရှိ အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများ အားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပေးခြင်းနှင့် (ဒုတိယအကြိမ်) ထိုးနှံရန်ကျန်ရှိသူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့က ထားဝယ်မြို့နယ် ကျန်းမာရေးဝန်ထမ်းများ ဟိန္ဒါးကျေးရွာ၊ ရွာလယ်စေတီဘုန်းတော်ကြီးကျောင်းနှင့်တောင်သုံးလုံးကျေးရွာ၊ ဘုန်းတော်ကြီးတို့တွင် စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။        

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် (၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူတို့အား ကိုယ်အပူချိန်တိုင်းတာခြင်း၊သွေးပေါင်ချိန်တိုင်းတာခြင်းနှင့်ကာကွယ်ဆေးထိုး မှတ်တမ်းရေး သွင်း ခြင်းများဆောင်ရွက်ပေးပြီး ကျန်းမာရေး ကောင်းမွန်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးခဲ့ ကြောင်းသိရသည်။ 

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မေတ္တာမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်း ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအဖွဲ့တို့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 


သတင်း - နန်းခလိုက်(မေတ္တာ)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment