ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဈေးရောင်းဈေးဝယ်များနှင့်စာသင်ကျောင်းများ ပုံမှန်လည်ပတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဈေးရောင်းဈေးဝယ်များနှင့်စာသင်ကျောင်းများ ပုံမှန်လည်ပတ်

 



ပြည်ကြီးမဏ္ဍိုင်၊ ဒီဇင်ဘာ   ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဒီဇင်ဘာ(၁၀)ရက်နေ့က ဈေးရောင်း/ဈေးဝယ်များနှင့် စာသင်ကျောင်းများ ပုံမှန်လည်ပတ်လျက်  မြို့နေပြည်သူများ ပုံမှန်သွားလာလှုပ်ရှားမှုလျက်ရှိသည်။

ပြည်ကြီးမဏ္ဍိုင်မြို့ရှိ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ကုန်ပစ္စည်း ရောင်းချသည့်ဆိုင်များမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိပြီး   ကိုဗစ်-၁၉  ရောဂါ ကူးစက်မှုနှုန်းများ ကျဆင်းလာသည့်အတွက် နိုဝင်ဘာလ(၁)ရက်နေ့မှ စတင်၍ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

၎င်းအပြင် အသက်(၁၂)နှစ်အထက်ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် အညီ သင်ကြားပို့ချလျက်ရှိရာ ကျောင်းသား / ကျောင်းသူများပုံမှန်တည် ငြိမ်အေးချမ်းစွာပညာသင် ကြားလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)