ရေနံချောင်းမြို့၌ နိုင်ငံတော်ဩဝါဒစရိယဆရာတော်ကြီးများနှင့် ဆရာတော်သံဃာတော်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေနံချောင်းမြို့၌ နိုင်ငံတော်ဩဝါဒစရိယဆရာတော်ကြီးများနှင့် ဆရာတော်သံဃာတော်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး


ရေနံချောင်း၊ ဒီဇင်ဘာ  ၃

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ သီတင်းသုံးတော်မူသော နိုင်ငံတော်ဩဝါဒစရိယဆရာတော် ကြီးများနှင့် ဆရာတော်သံဃာတော်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinopharm) ပထမအကြိမ်ထိုးနှံပေးခြင်း ကို ယနေ့မွန်းတည့် ၁၂ နာရီက ရွှေတောင်ပါဠိတက္ကသိုလ်ကျောင်းတိုက်နှင့် ရွှေစေတီဘုန်းတော်ကြီးကျောင်းတို့ တွင် ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးရာတွင် နိုင်ငံတော်ဩဝါဒစရိယဆရာတော်ကြီးများဖြစ် သည့် ရွှေတောင်ပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသောဘန၊ ဆရာတော်ဘဒ္ဒန္တတေဇနိယ၊ မြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဌဆရာတော် ဦးရေဝတ အပါအဝင် ဆရာတော်သံဃာတော် ၇၁ ပါး၊ ရွှေစေတီကျောင်းထိုင် ဆရာတော် ဦးဇဋိလနှင့် ဆရာတော်သံဃာတော် ၂၀ ပါး၊ စုစုပေါင်း ဆရာတော်သံဃာတော် ၉၁ ပါးနှင့် လူပုဂ္ဂိုလ် ၄ ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှု ဖြင့် မြို့နယ်ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန်ဒေါက်တာအောင်သူရနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)