Pages

Pages

ညောင်လေးပင်မြို့နယ်၌ နွေစပါးနှင့် နေကြာ စိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ဖြန့်ဖြူး​ရောင်းချပေးလျက်ရှိ




ညောင်လေးပင်၊ ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက် ၁၀:၃၀ အချိန်က နွေစပါးနှင့် နေကြာစိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချပေးခြင်း အခမ်းအနားကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြို့နိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး  စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က ယူရီးယားဓာတ်မြေဩဇာအား အကျိုးရှိစွာ သုံးစွဲရေးတို့ကို ရှင်းလင်း ပြောကြားခဲ့သည်။ထို့နောက် ကျေးရွာအုပ်စု ၃၄ စုမှ တောင်သူများအား ပထမအကြိမ်အဖြစ် ယူရီးယားဓာတ်မြေဩဇာ ၂၅ အိတ်ကို တစ်အိတ် ၃၂၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယူရီးယားဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချပေးခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြို့နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်ကြီးနေလင်း၊ အဖွဲ့ဝင် (၂) ဦးဇော်မင်းယု၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်နှင့် ကျေးရွာအုပ်စု ၃၄ စုမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment