သာစည်မြို့နယ် တောင်ပေါ်ကျေးရွာသို့ ကွင်းဆင်၍ ဒေသခံတိုင်းရင်းသာ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ် တောင်ပေါ်ကျေးရွာသို့ ကွင်းဆင်၍ ဒေသခံတိုင်းရင်းသာ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေး

သာစည်၊ ဒီဇင်ဘာ  ၂

မန္တလေးတိုင်းဒေသကြီး၊  သာစည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန  မြိုနယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို နိုဝင်ဘာ ၂၉ရက် နှင့် ၃၀ ရက်များက  တောင်ပေါ်ကျေးရွာများဖြစ်သည့် ဆင်တောင်ကျေးရွာ အုပ်စု၊ သဲပွတ်ကျေးရွာအုပ်စုနှင့် မြင်းဒိုက်ကျေးရွာအုပ်စုများသို့ ကွင်းဆင်၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် သာစည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်၏ ရည်မှန်းချက်ဖြစ်သော နိုင်ငံသား၊ တိုင်းရင်းသား များနှင့်ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး၊ ပန်းခင်းစီမံ ချက်ပါ လုပ်ငန်းစဉ်လေးရပ်နှင့်အညီ ဝန်ထမ်းများက အဖွဲ့များခွဲ၍ ဆောင်ရွက်ပေးလျက်ရှိရာ  တောင်ပေါ်ကျေးရွာများတွင် နေထိုင်လျက်ရှိသည့် ဆင်တောင်ကျေးရွာအုပ်စုမှ ‌ဒေခံတိုင်းရင်းသား ပြည်သူ ၁၀၈ ဦး၊ သဲပွေ့ကျေးရွာအုပ်စုမှ ၃၀ ဦး ၊ မြင်းဒိုက်ကျေးရွာအုပ်စုမှ ၁၄ ဦးတို့အား ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ လူစုလူဝေးမဖြစ်စေရန်နှင့် ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျတပ်ဆင်စေ၍ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ  ဦးစီးအရာရှိ ဦးအောင်မွန် ထံက   သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)