Pages

Pages

တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဒေသန္တရစီမံကိန်းမူဘောင်တင်ပြခြင်း အခမ်းအနားသို့တက်ရောက်




                                                        

ထားဝယ်၊ ဒီဇင်ဘာ ၁ 

တနင်္သာရီတိုင်းဒေသကြီး၏၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ(၅)နှစ် ဒေသန္တရ စီမံကိန်းမူဘောင် တင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးစီမံကိန်းဦးစီးရုံး၊ညွှန်ကြားရေးမှူး ဦးတင်မြင့်က တနင်္သာရီတိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့်လူမှု စီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှချမှတ်ထားသည့်စီးပွားရေး မူဝါဒများ၊ နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့် မဟာဗျူဟာများအပေါ်အခြေခံ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အထိ(၅)နှစ် ဒေသန္တရ စီမံကိန်းမျှော်မှန်းချက်များနှင့် ဦးစားပေးလုပ်ငန်းများကို ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်ရန် ရည်မှန်းထားကြောင်းနှင့်(၅)နှစ် ဒေသန္တရစီမံကိန်းမူဘောင် ရေးဆွဲထားမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာန၏လုပ်ငန်းဆောင်ရွက်ချက် များအားရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး၊ ဦးမောင်ကြီးက ဖြည့်စွက် ဆွေးနွေးရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက လိုအပ်သည်များလမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။


‌https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment