ရန်ကုန်၊ ဒီဇင်ဘာ ၁၁
ဒီဇင်ဘာ ၁၂ရက် နံနက် ၉နာရီမှ မွန်းလွဲ ၁နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၅)မြို့နယ်၌ ယာယီဓာတ်အားပြတ်တောက်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းက သတင်းထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးထားသည့် 66kV သာကေတ-စိန်ပန်းမြိုင်(၁)(၂) ၊ နှစ်ထပ်ဓာတ် အားလိုင်းတစ်လျှောက် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ထိုသို့ဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ်( မြောက်ပိုင်း )၊ တောင်ဥက္ကလာပ၊ ရန်ကင်း၊ မရမ်းကုန်း၊ လှိုင် မြို့နယ်များအတွင်း ယာယီ ဓာတ်အား ပြတ်တောက်မှု ရှိမည်ဖြစ်ကြောင်းနှင့် အရေးကြီးနေရာများ ဓာတ်အားပြတ်တောက်မှု မရှိစေရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။
သတင်း - သီဟ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment