တာချီလိတ်၊ ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံမှပြန်လည်လွှဲပြောင်းပေးအပ်လာသည့် မြန်မာ အလုပ်သမား အမျိုးသား ( ၈) ဦး၊ အမျိုးသမီး( ၉)ဦး ၊စုစုပေါင်း( ၁၇) ဦးကို ယမန်နေ့က တာဝန်ရှိသူတို့ လက်ခံခဲ့ ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန် မြန်မာအလုပ်သမားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့်အဖွဲ့ဝင်များက လက်ခံခဲ့ပြီး ဝမ်လုံး Quarantine Centre သို့ပို့ဆောင်၍ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သဖြင့် (၃)ရက် မြောက်နေ့တွင် ၎င်းတို့၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ်ကိုထပ်မံရယူ၍ တောင်ကြီးမြို့ သို့ပို့ဆောင်စစ်ဆေးပြီး ကိုဗစ်- ၁၉ ရောဂါပိုးကင်းစင်သူများကို မိမိတို့၏နေရပ်အသီးသီးသို့ပြန်လည်ပို့ဆောင်ပေးသွား မည်ဖြစ်ကြောင်းသိရှိရသည်။
သတင်း - ယာဆေး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment