မုဒုံမြို့နယ်အားကစားကွင်းရှိ ဖူဆယ်အားကစားရုံတည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့နယ်အားကစားကွင်းရှိ ဖူဆယ်အားကစားရုံတည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး



မုဒုံ၊ ဒီဇင်ဘာ   ၂၅

မွန်ပြည်နယ်၊မော်လမြိုင်ခရိုင် မုဒုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ မြို့နယ်အားကစားကွင်းဝင်း၌ တည်ဆောက်လျက်ရှိသော ဖူဆယ်အားကစားရုံတည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ  ဖူဆယ်အားကစားကွင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဘတ်ဂျက် ခွင့်ပြုရန်ပုံငွေ (၄၉.၅) ကျပ်သန်း ဖြင့် Golden hill2019Co.ltd မှ တာဝန်ယူတည် ဆောက်ခဲ့ပြီး အားကစားရုံမှာ အလျား(၁၃၅ ) ပေ ၊အနံ( ၇၅  )ပေ၊ အမြင့် (၂၂) ပေ ဖြစ်ကာ ဖူဆယ်အားကစားရုံကို မြို့နယ်အတွင်းရှိ အားကစားဝါသနာရှင်များ အနေဖြင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏ သတ်မှတ်ထားသည့် စည်းကမ်းချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များကို လိုက်နာ၍ အားကစားဝါသနာရှင်မည်သူမဆို ကျန်းမာရေးအတွက် လာရောက်လေ့ကျင့် ကစားနိုင်မည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနမှ အားကစားမှူးဒေါ်နွယ်နီစံထံမှ သိရသည်။

မုဒုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက် (၃) ရပ်၊ နိုင်ငံတော်မှ အားကစားနှင့်လူ ငယ်ရေးရာဝန်ကြီးဌာနသို့ ချမှတ်ပေးထားသည့် လုပ်ငန်းတာဝန်ကြီး (၄) ရပ်၊ အားကစား ဆိုင်ရာမူဝါဒ (၃) ရပ်နှင့် ရှေ့လုပ်ငန်းစဉ် (၁၀) ရပ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။

သတင်း - အောင်မျိုးသူ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)