လဟယ်၊ ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က လဟယ်မြို့အခြေခံပညာ အထက်တန်းကျောင်း ဇေယျာသီရိကျောင်းဆောင်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးကို ၂၀၂၁-၂၀၂၂ခု ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားနေသည့် အသက်(၁၂)နှစ်မှ (၁၈)အထက်အားလုံးကို ထိုးနှံပေးလျက်ရှိပြီး လဟယ်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ယူနေကြသော မူလတန်း ကျောင်းသား၊ ကျောင်းသူ(၄၄)ဦး၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ(၆၈၂)ဦး၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ(၁၉၄)ဦး စုစုပေါင်း ထက်၊ လယ်၊ မူကျောင်းသား၊ ကျောင်းသူ(၈၂၀)ဦးတို့ကို ဒီဇင်ဘာ(၂)ရက်နေ့မှ (၃)ရက်နေ့အထိ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - ပါမင်းလိုင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment