ရေကြည်မြို့နယ်တွင် အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွား ၁၄၅၄ ဦးအား လူမှုရေးပင်စင်ထောက်ပံ့ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေကြည်မြို့နယ်တွင် အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွား ၁၄၅၄ ဦးအား လူမှုရေးပင်စင်ထောက်ပံ့ပေး










ရေကြည်၊ ဒီဇင်ဘာ  ၂၅

ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်ခရိုင်   ရေကြည်မြို့နယ်တွင်   မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများရှိ အသက်  ၈၅  နှစ်နှင့်အထက်  သက်ကြီးဘိုးဘွားများအား   အိမ်တိုင်ယာရောက်   လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းကို  ယမန်နေ့နံနက်  ၉  နာရီအချိန်ကစတင်ကာ  ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့အိမ်တိုင်ယာရောက်  ထောက်ပံ့ပေးအပ်ရာတွင်  ရေကြည်မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့   ဥက္ကဌ  ဦးသန်းဝင်း ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ  မြို့နယ်ဦးစီးမူး  ဒေါ်ခင်အေးသောင်း နှင့်ဝန်ထမ်းများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုမှအုပ်ချုပ်ရေးမူးနှင့်စာရေးများလိုက်ပါလျှက်  အသက်  ၈၅  နှစ်နှင့်အထက်  သက်ကြီးဘိုးဘွားများ  နေအိမ်သိုသွားရောက်ပြီး   ဘိုးဘွား  တစ်ဦးလျှက်  ၃၀၀၀၀  ကျပ်နှန်းနှင့်ဘိုးဘွားများ၏လက်ဝယ်အရောက်  လူမှုရေးပင်စင်ထောက်ပံ့ပေးပြီး  ဘိုး/ဘွားများ၏ကျန်းမာရေးများမေးမြန်ခြင်း  ဆောင်းရာသီဖြစ်သည့်အတွက်  နွေးနွေးထွေးထွေးနေထိုင်ရန် တာဝန်ရှိသူများက ပြောကြားကာ   ဘိုးဘွားများကို  ရှစ်ခိုးကန်တော့ကြပါသည်။

      ရေကြည်မြို့နယ်တွင်  မြို့ပေါ် (၁၆)ရပ်ကွက်  ကျေးရွာအုပ်စု  (၈၇)အုပ်စုတွင်  အသက်  ၈၅  နှစ်နှင့်အထက်  သက်ကြီးဘိုးဘွား  (၁၄၅၄)ဦးရှိပြီး  တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှန်းနဲ့  ငွေပမာဏ  သိန်းလေးရာ့သုံးဆယ့်ခြောက်သိန် နှစ်သောင်းတိတိ  ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့်လူမှုဝန်ထမ်းဦးစီးဌာနမှထောက်ပံ့ငွေများကို   ရေကြည်မြို့နယ်အတွင်းရှိ  ဝေလန်သောရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိအုပ်ချုပ်ရေးမူးများစာရေးဝန်ထမ်းများကိုဖိတ်ခေါ်ပြီး   ဘိုးဘွားများအား  လူမှုရေးပင်စင်ထောက်ပံ့ပေးရန်အတွက်  ရေကြည်မြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ရုံးဝန်းအတွင်းရှိ  ခန်းမတွင်  ကျေးရွာအုပ်ချုပ်ရေးမူးနှင့်စာရေးဝန်ထမ်းများလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်းနှင့်အသုတ်မြို့ရှိ  မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၁)အုပ်စုကို  ယခုဒီဇင်ဘာလကုန်အတွင်းဘိုးဘွားများအားလူမှုရေးပင်စင်များဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

သတင်း - ဆန်းတင့် 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)