ကျောက်ပန်းတေင်းမြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းရာသီ သီးနှံချေးငွေများ ထုတ်ချေးပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ပန်းတေင်းမြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းရာသီ သီးနှံချေးငွေများ ထုတ်ချေးပေးလျက်ရှိ

 





ကျောက်ပန်းတောင်း  ဒီဇင်ဘာ  ၁၇

မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ ခုနှစ်၊ ဆောင်းရာသီ သီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့ အထိ၊ ကျေးရွာအုပ်စု(၅) အုပ် စုမှ တောင်သူ(၃၁၉)ဦးတို့အား ဆောင်းသီးနှံချေးငွေ စုစုပေါင်း (၉၈၅.၅၀)သိန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း အဆိုပါ ဘဏ်ခွဲမန်နေဂျာထံမှ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးဝင်းဌေးဦးနှင့် ဝန်ထမ်းများသည်၊ ၂၀၂၁ ခုနှစ်၊ ဆောင်းရာသီ သီးနှံချေးငွေများကို ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ ဖြစ်စေရန်အတွက်၊ ဘူတာရပ်ကွက်ရှိ ပိန္နှဲတော ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းတွင် (၂၆-၁၁-၂၀၂၁) ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိရာ၊ ယနေ့အထိ ကိုင်းကျေးရွာအုပ်စု၊ မုံကမ်းကျေားရွာအုပ်စု၊ သရက်တောကျေးရွာ အုပ်စု၊ ကျောက်စစ်ကန်ကျေးရွာအုပ်စုနှင့် မကျီးကုန်းကျေးရွာအုပ်စုများမှ တောင်သူ(၃၁၉) ဦးတို့၏ စပါး(၁၅)ဧက၊ ကြက် သွန်(၂၁)ဧက၊ နေကြာ(၂၂၅)ဧက၊ နှမ်း(၁၈၆)ဧက၊ ကုလားပဲ(၅၂၈)ဧကနှင့် မြေပဲ(၃)ဧက အတွက် စုစုပေါင်းချေးငွေ ကျပ် (၉၈၅.၅၀)သိန်း ထုတ်ချေးပြီးစီးခဲ့ကြောင်းနှင့် ဆက်လက်၍လည်း ကျေးရွာအုပ်စုများ၏ အဆိုပြုလာမှုအပေါ်မူတည်၍ အချိန် နှင့်တပြေးညီ ထုတ်ချေးပေးသွားရန်စီစဉ်ထားရှိကြောင်း မြို့နယ် မန်နေဂျာ ဦးဝင်းဌေးဦးက ပြောပါသည်။

သတင်း - နေအောင်(ပြန်/ဆက်)

https://t.me/MyanmarNationalPost
www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)