ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ အသက်(၁၈)နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ အသက်(၁၈)နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

 


ရန်ကုန်၊ ဒီဇင်ဘာ   ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ် အထက်နှင့် အသက်(၄၀) အထက် ရဟန်းရှင်လူပြည်သူများအား လူမျိုးဘာသာမရွေး ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို  မြို့နယ်အတွင်း စုရပ်သုံးနေရာများ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိသည်။

အသက်(၁၈)နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၆၂၅ ဦးရှိကြောင်း သိရသည်။ အသက် (၄၀)နှစ်အထက် ပြည်သူများကိုလည်း ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ ၁၃ ရက် နေ့တွင် ၁၄၈၈ဦး ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရန်လာရောက်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာတင်မူမြင့်တို့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပရပဟိတ အသင်းအဖွဲ့များပူးပေါင်း၍ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ  ကူညီဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။

သတင်း - မြင့်မြင့်ရီ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)