ဒေးဒရဲမြို့၌ အသက်(၁)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့၌ အသက်(၁)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ


ဒေးဒရဲ၊ ဒီဇင်ဘာ   ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အသက်(၁)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက စတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုး စုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၁)နှစ်အောက် ကလေးများအား အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး ပြင်းထန်ဝမ်းလျောဝမ်းပျက် ရောဂါကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေး များထိုးနှံပေးခြင်းနှင့် ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းများကို  မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှဝန်ထမ်းများ ကစနစ်တကျ မှတ်တမ်းရေးသွင်း၍  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 သတင်း - အေဇာလင်း (ပြန်/ဆက်)

‌https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)