(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ


စစ်တွေ၊ ဒီဇင်ဘာ   ၂၄

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည် ၂ နာရီက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက လွတ်လပ်ရေးနေ့ အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းပေးထားပြီး ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်း လမ်းညွှန်ချက် စည်းကမ်းများနှင့်အညီ အခမ်းအနားတစ်ခုချင်းစီ အလိုက်  ဆောင်ရွက်ရမည့် စံလုပ်ငန်းလမ်းညွှန်ချက် SOP များကို လိုက်နာဆောင်ရွက်ကြရန် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီကလည်း လမ်းညွှန်ထားသည့်အတွက် ကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်ချက်များကို ညွှန်ကြားချက်နှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို လုပ်ငန်းကော်မတီအလိုက် ညှိနှိုင်းပေါင်းစပ်၍ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီး အောင် ဆောင်ရွက်ကြရန်နှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို ယခုအစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ညွှန်ကြားရေးမှူးက ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းထား မှုနှင့် ယခင်နှစ်အခမ်းအနားများတွင် ဆောင်ရွက်ခဲ့သော ဆောင်ရွက်ခဲ့မှုများကို  ဆွေးနွေးတင်ပြသည်။ ဆက်လက်၍ လုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက် နေမှုနှင့် ယခင်နှစ်အခမ်းအနားများတွင် ဆောင်ရွက်ခဲ့သော အတွေ့အကြုံများ၊ အားနည်းချက်၊ အားသာချက် များကို ဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာကြသူများ က ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - တင်ထွန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)