Pages

Pages

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်” အကြို ပန်းချီဆေးရောင်ခြယ်နှင့် သတ်ပုံကျမ်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ















ထားဝယ်၊ ဒီဇင်ဘာ ၁၇ 

ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် “(၇၄)နှစ်မြောက်လွတ်လပ်ရေး နေ့ အထိမ်းအမှတ်”အကြိုပန်းချီဆေးရောင်ခြယ်နှင့် သတ်ပုံကျမ်းပြိုင်ပွဲဆုချီးမြင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ က ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပသည်။ 

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ကြင်ကြင်သန်းက လွတ်လပ် ရေး နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ရှင်းလင်းပြောကြား ပြီး သတ်ပုံကျမ်းပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများချီးမြှင့် ပေးအပ်သည်။ 

ထို့နောက်ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသောကျောင်းသား/ကျောင်းသူများအား ထူးပြည့်ကောင်းကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိန်ရှင်းက ဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး ထားဝယ်ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက ကျောင်းသား/သူများ၏ပြိုင်ပွဲ ရလဒ် အမှတ်များနှင့်ဆုရွေးချယ်ရာတွင်ပါဝင်သည့်အချက်များအား ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ အားလုံးကိုဂုဏ်ပြုလက်ဆောင်ချီးမြှင့်ကာ ပြိုင်ပွဲအကဲဖြတ်ပေးကြသည့် ဆရာမများအားဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။ 

ထို့နောက်ဆုရကျောင်းသား/သူများကိုယ်စားဆုရကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသတင်း ရရှိသည်။


သတင်း - ကေကေအယ်လ်(ထားဝယ်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment