Pages

Pages

ညောင်တုန်းမြို့နယ် တူးချောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ၌ အားကစားဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ သရုပ်ပြသပွဲကျင်းပ

 




ညောင်တုန်း၊ ဒီဇင်ဘာ   ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် တူးချောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက လူငယ်၊ လူရွယ်များ အားကစားကို စိတ်ဝင်စားလာစေရန်နှင့် ကျန်းမာကြံ့ခိုင်၍ ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက် စေရန် အားကစားဆိုင်ရာအသိပေးဟောပြောပွဲနှင့် သရုပ်ပြပွဲ အခမ်းအနားကို  ယမန်နေ့ နံနက် (၁၁)နာရီ အချိန်က ကျင်းပခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ် အားကစားမှူးက အားကစားဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့်  "ကိုယ်ခံစွမ်းအားမြင့်တင်‌ရေး အား ကစားပုံမှန်လှုပ်ရှားပေး"အစီအစဉ်ကိုအခြေခံကာအားကစားကိုစိတ်ပါဝင်စားမှုရှိလာစေရန်ရည်ရွယ်၍  ကျောင်းသား/သူများနှင့်အတူ Myanmar Fitness Danceဖြင့် စုပေါင်း‌လေ့ကျင့် သရုပ်ပြ ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment