Pages

Pages

ဒီဇင်ဘာ ၆ရက်မှ ၁၂ရက်အထိ တရားမဝင် ကျွန်း၊ သစ်မာနှင့် အခြားစုစုပေါင်း (၁၀၉.၆၄၇၁)တန်နှင့် ကျူးလွန်သူ ၁၉ဦးဖမ်းမိ



နေပြည်တော်၊ ဒီဇင်ဘာ ၁၇

ဒီဇင်ဘာ ၆ရက်မှ ၁၂ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၂.၀၃၀၆)တန်၊ သစ်မာ (၉.၇၉၂၈)တန်၊ အခြား (၅၇.၈၂၃၇)တန်၊ စုစုပေါင်း (၁၀၉.၆၄၇၁)တန်၊ တရားခံ (၁၉)ဦး၊ ယာဉ်/ယန္တရား (၁၂)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ဒီဇင်ဘာ ၁၀ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ငွေဆောင်ဘိနယ်၊ သဇင်ချောင်း လက်တက် ကျောက်ဆည်ချောင်းအတွင်းမှ တရားမဝင် ကျွန်းခွဲသား (၁၄၀)ချောင်း (၁၇.၀၅၈)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှု ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူပင် ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှလည်း ဒီဇင်ဘာ ၆ရက်နေ့မှ ဒီဇင်ဘာ ၁၂ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၂၄.၅၆၂၂)တန်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။


သတင်း - သီဟ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment