ကျောက်ဖြူ၊ ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်ထံမှ ပေးပိုသည့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက အစိုးရရပ်ကွက်ရှိ နဒီသောင်ယံဂေါက်ကလပ်ကွင်းပြင်၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌနှင့် အဖွဲဝင်များ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌနှင့် အဖွဲဝင်များ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲများ၊ မြို့မိ/မြို့ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ကျောက်ဖြူမြိုတွင် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ရခိုင်ရိုးရာကျင်ပွဲ၊ ချောတိုင်တက်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ညပိုင်းတွင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment