မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်း ၁,၉၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်း ၁,၉၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ




နေပြည်တော်၊ ဒီဇင်ဘာ  ၃

နိုဝင်ဘာလ ၃၀ ရက်နေ့ ၂၁၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်းအနီး၊ Mobile X-Ray(ပြင်ဦးလွင်)တွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် လာရှိးဘက်မှ ရန်ကုန်သို့ သွားရောက်မည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသူ ခရီးသည် ဒေါ်ဆန်းအေး နှင့် ခန့်ဇင်သွေး တို့၏ ခရီးဆောင်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၁၈၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၁၉၇၇ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

အလားတူ ယင်းနေ့ ၂၂၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ ငါးရံ့ချောင်းကျေးရွာနေ သိန်းဇော်(ခ)အိုက်စိုင်း ၏ နေအိမ်အား ဝငျရောကျရှာဖှရော ၎င်းအား နေအိမ်တွင်တွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၆၂ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၁.၂၄ သိန်း)နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ် ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါသိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ ဒေါ်ဆန်းအေး(၄၃)နှစ်၊ ခန့်ဇင်သွေး(၂၀)နှစ် နှင့် သိန်းဇော်(ခ)အိုက်စိုင်း(၃၀)နှစ် တိုအား ပိတ်ချင်းမြောင်နယ်မြေရဲစခန်း နှင့် ပြင်ဦးလွင်မြို့မရဲစခန်းတိုတွင် မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ ထုတ်ပြန်ချက်အရသိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)