Pages

Pages

နတ်မောက်မြို့နယ် ကပေါင်းကုန်းကြီးကျေးရွာရှိ အိမ်ထောင်စု(၂၀)စုအား အခြေခံ စားသောက်ကုန်များ လှူဒါန်း

 


နတ်မောက်၊ ဒီဇင်ဘာ   ၁၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိတ်ဓာတ်ဖြူစင်ကရုဏာရှင် လူမှုကူညီရေး အသင်းက ဦးဆောင်ပြီး  ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းက လှူဒါန်းကူညီသည့် ဆန်၊ ဆီတို့ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က နတ်မောက်မြို့နယ်၊ ကပေါင်းကုန်းကြီး ကျေးရွာရှိ အိမ်ထောင်စု(၂၀)စုအား အခြေခံစားသောက်ကုန်များ လှူဒါန်း ပေးခဲ့သည်။

အဆိုပါ အခြေခံလူတန်းစား အိမ်ထောင်စု(၂၀)စုအား တစ်အိမ်ထောင်လျှင် ဆန် (၃)ပြည်၊ ဆီ (၁)ပိဿာတို့ကို နတ်မောက်မြို့နယ် စိတ်ဓာတ်ဖြူစင် ကရုဏာရှင်လူမှုကူညီရေးအသင်း အဖွဲ့ဝင်များက အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

သတင်း - လှဝင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment