လသာမြို့နယ်တွင် အခြေခံစားကုန်များကို စျေးနှုန်းသက်သာစွာ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လသာမြို့နယ်တွင် အခြေခံစားကုန်များကို စျေးနှုန်းသက်သာစွာ ရောင်းချပေး


လသာ၊ ဒီဇင်ဘာ   ၁၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေ စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ တိရစ္ဆာန်ဆေးကုရေးနှင့် အသားထုတ်လုပ်မှု စီမံခန့်ခွဲရေး ဌာနမှဝန်ထမ်းများပါဝင်သော အဖွဲ့သည် မော်တော်ယာဉ်(၃)စီး ဖြင့်ယနေ့ နံနက် (၇)နာရီအချိန်က အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာရောင်းချပေးခဲ့ကြောင်း သိရသည်၊၊

လသာမြို့နယ်အမှတ်(၄)ရပ်ကွက် မဟာဗန္ဓုလလမ်းနှင့် လသာလမ်းထိပ်တွင် ရပ်ကွက်နေပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူ များအားကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသားများကို ရောင်းချပေးခဲ့ကြောင်း၊ ထို့သို့ရောင်းချပေးခဲ့ရာတွင် စီပီ ကြက်(၁)ပိဿာ(၄၅၀ဝိ/)၊ (၁)ပိဿာ (၂၀)ကျပ်သား ဝန်းကျင်(၅၀၀ဝိ/-)၊ အသားသီးသန့် (၁)ပိဿာ (၅၀၀ဝိ/-)  ဈေးနှုန်း ဖြင့် လည်းကောင်း၊ ဝက်သားသုံးထပ်သား (၁)ပိဿာ (၁၀၀၀ဝိ/-)၊ အသားသီးသန့် (၁)ပိဿာ(၁၂၀၀ဝိ/-)၊ ဝက်နံရိုး၊ ဝက်ခေါင်း၊ ကလီစာ(၁)ပိဿာ (၉၀၀ဝိ/-) ဈေးနှုန်းဖြင့်လည်းကောင်း၊ အမဲသား(၁)ပိဿာ (၁၂၀၀ဝိ/-)၊ ဆိတ်သား(၁)ပိဿာ(၁၇၀၀ဝိ/-)ဈေးနှုန်းဖြင့် လည်းကောင်း ရောင်းချခဲ့ကြောင်းနှင့် လာရောက် ဝယ်ယူကြ သူများစနစ်တကျ ဝယ်ယူနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှဝန်ထမ်းများ ကကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်၊၊

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)