ပွင့်ဖြူ၌ ဒေသဖွံ့ဖြိုးရေး ရပ်ရွာအေးချမ်းသာယာရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူ၌ ဒေသဖွံ့ဖြိုးရေး ရပ်ရွာအေးချမ်းသာယာရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ ကွင်းဆင်းဆောင်ရွက်



ပွင့်ဖြူ၊ ဒီဇင်ဘာ   ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ဦးဆောင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ဖလံတော ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံကာ အသိပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အပါအဝင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လာရောက် အသိပေးရှင်းလင်း ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ကျေးရွာနေ ပြည်သူများ အနေဖြင့် မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေလုံခြုံရေး၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင် ကာကွယ်ရေး သတ်မှတ်ဆေးထိုး အကြိမ်ရေ ပြည်မီအောင် ထိုးနှံကြရန်၊ ကျောင်းနေအရွယ် ကလေးများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ မြို့နယ်လျှပ်စစ်ဌာန၊ မြို့နယ်သစ်တော ဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချရေး ဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတို့မှ မိမိတို့ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဌာနအလိုက် ချပြရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကျေးရွာရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ က မိမိတို့ရပ်ရွာ ဒေသဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ကျေးရွာနေ ပြည်သူများ၏ ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား အလေးထားလိုက်နာ ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။

သတင်း - ခင်ဝါဝါလှိုင် (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)