တနင်္သာရီမြို့နယ်အတွင်း ဒီဇင်ဘာလ(၁၃)ရက်နေ့အထိကျောင်းသူ/သားပေါင်း(၇၁၃၅)ဦးတက်ရောက်သင်ကြားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ်အတွင်း ဒီဇင်ဘာလ(၁၃)ရက်နေ့အထိကျောင်းသူ/သားပေါင်း(၇၁၃၅)ဦးတက်ရောက်သင်ကြားလျက်ရှိ

 





တနင်္သာရီ၊ ဒီဇင်ဘာ   ၁၄

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ၂၀၂၁-ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်မှစ၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉လမ်းညွှန်ချက်နှင့် အညီ အခြေခံပညာကျောင်း(၁၀၁)ကျောင်းအား ပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့ အထိ အခြေခံပညာကျောင်းသူ/သားပေါင်း(၇၁၃၅)ဦး အေးချမ်းစွာ တက်ရောက် သင်ကြားနေ ကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ နေ့စဉ်မှတ်တမ်းအရ သိရသည်။

မြို့နယ်အတွင်း (မူလတန်းသင် ဘ/ကကျောင်း အပါအဝင်)အခြေခံပညာကျောင်း(၁၀၁) ကျောင်းတွင် အထက်တန်းအဆင့်ကျောင်းသူ/သား(၄၆၅)ဦး၊ အလယ်တန်းအဆင့် (၂၀၆၆)ဦးနှင့် မူလတန်း အဆင့်၌(၄၆၀၄)ဦး၊ စုစုပေါင်း (၇၁၃၅)ဦးတို့က အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရ သည်။

သတင်း - နန်းသာရီ-ထိန်ဝင်း    

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)