Pages

Pages

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးပေးနိုင်မှု၁၀၁၂၅၅ဦးထိုးပေးနိုင်ပြီဖြစ်




ညောင်ဦး၊ ဒီဇင်ဘာ    ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုကို ယမန်နေ့နေ့ နံနက်ပိုင်းအချိန်ထိ ၁၀၁၂၅၅ဦး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း၊ ညောင်ဦး ခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် ညောင်ဦးမြို့နယ်တွင် သတ်မှတ်စုရပ်နေရာ(၁၂)နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦး မြို့နယ်တွင ်ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၅၅၆၉၀ ဦး၊ Sinopharm ဒုတိယအကြိမ် ၃၉၈၉၅ဦး၊ Sinovac ပထမအကြိမ် ၃၃၁၆ ဦး၊ Sinovac ဒုတိယ အကြိမ် ထိုးပေးနိုင်မှု ၂၄၁၄ ဦး၊စုစုပေါင်း ၁၀၁၂၅၅ ဦးထိုးနိုင်ပေးခဲ့ပြီဖြစ်ကြောင်း ညောင်ဦး မြို့နယ်၊စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံကသိရသည်။

သတင်း - မောင်မောင်ထိန်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment